Saturday, June 14, 2014

ဗုဒ္ဓ၀င်အမေး၊အဖြေ (၅)

မေး။ လူတစ်​​ယောက်​သည်​ မည်​သို့ဖြင့်​ ဗုဒ္ဓဘာသာဝင်​ ဖြစ်​လာနိုင်​သနည်း။
ဖြေ။ တိသရဏ (​ခေါ်) သရဏဂုံ ၃ပါး ခံယူခြင်းဖြင့်​ ဗုဒ္ဓဘာသာဝင်​ တစ်​ဦး ဖြစ်​လာနိုင်​ပါသည်​။
မေး။မြတ်​ဗုဒ္ဓ ပထမဆုံး​ဟော​သော တရားက ဘာလဲ။ ဘယ်​သူ​တွေကို​ဟောတာလဲ။
ဖြေ။ မြတ်​ဗုဒ္ဓ ပထမဆုံး​ဟော​သော တရားမှာ ဓမ္မစကြာ တရား​တော်​ ဖြစ်​ပါသည်​။ ပဉ္စ၀ဂ္ဂီ ငါးဦး ကို​ဟောပါသည်​။
မေး။ အပါယ်​​လေးဘုံ ကဘာ​တွေလဲ။
ဖြေ။ အပါယ်​​လေးဘုံ မှာ ငရဲ ၊ တိရစ္ဆာန်​ ၊ ပြိတ္တာ ၊ အသူရကာယ်​ တိုဖြစ်​သည်​။
မေး။ ၃၁ ဘုံမှာ ဘယ်​ဘုံက ​ကောင်းမှုကုသိုလ်​ ပြုလုပ်​နိုင်​သနည်း။
ဖြေ။ ၃၁ ဘုံအနက်​ လူဘုံကသာလျှင်​ ကုသိုလ်​​ကောင်းမှု ပြုလုပ်​နိုင်​ပါသည်​။
မေး။ ယခုဘ၀ ဥစ္စာပစ္စည်း ဆင်းရဲခြင်းအ​ကြောင်းကဘာလဲ။
ဖြေ။ ယခုဘ၀ ဥစ္စာပစ္စည်း ဆင်းရဲခြင်းအ​ကြောင်းမှာ အတိတ်​ဘ၀က စွန့်​ကြဲ​ပေးကမ်း လှူဒါန်းမှု အားနည်း​သော​ကြောင့်​ဖြစ်​ပါသည်​။

No comments:

သင်တို့ရဲ့ကဗျာလေးတွေ စာလေးတွေ ကိုဒီ ဆိုက်မှာဖော်ပြစေချင်ရင် ပို့ပေးလိုလိုရတယ်နော်

foxyform