Thursday, June 19, 2014

ပန်းလက်ဆောင်

ပန်းလက်ဆောင် ပန်းလက်ဆောင်
ပေးချင်ပါတဲ့ ပန်းလက်ဆောင်
ပန်းလက်ဆောင် ယူမလား
ပန်းကြိုက်ပါတဲ့ ကလေးများ။
ဘာပန်းများလဲမေးရင်ကွယ်
နှင်းဆီ၊ သဇင် ဟုတ်ဘူးကွယ်
စံပါယ် ခရေ မြတ်လေးလား
ဒါလဲ ဟုတ်ဘူး ကလေးများ။
ဒါန သီလ ပန်းပွင့်ပါ
ဘာဝနာလည်းပါ
အပ္ပစာယန ဝေယျာဝေစ္စ 
ပတ္တိဒါန ပန်းပွင့်ဗျ
ပတ္တာနုမောဒန ပန်းပွင့်ရယ်
ဓမ္မဿဝနလည်းပါပါတယ်
ဓမ္မဒေသနာရယ် မှတ်လိုက်ကြ ဒိဋ္ဌိဇုကမ္မ
ထာဝရကွယ်ပန်ရမယ် ဆယ်ပွင့်ရှီပါတယ်
ကလေးများရယ် ပန်လိုက်ကြ
တစ်သံသရာလုံးလှ၊ တစ်သံသရာလုံးလှ။

No comments:

သင်တို့ရဲ့ကဗျာလေးတွေ စာလေးတွေ ကိုဒီ ဆိုက်မှာဖော်ပြစေချင်ရင် ပို့ပေးလိုလိုရတယ်နော်

foxyform