Thursday, June 19, 2014

ဓမ္မ အမေး+အဖြေ (၇)

မေး။ ဗုဒ္ဓဟောကြားခဲ့သော အသက်ရှည်နည်းကဘာလဲ။
ဖြေ။ ၁။မိမိနှင့်တည့်သောအစားအစာ၊ ဆေးဝါးမှီဝဲခြင်း၊ ၂။အစားအစာ ဆေးဝါးတို့၏အတိုင်းအရှည်ကိုသိခြင်း၊ ၃။အစာကြေလွယ်သောအစားအစာကိုစားခြင်း၊ ၄။အကျင့်သီလနှင့်ပြည်စုံခြင်း၊ ၅။မိတ်ကောင်းဆွေကောင်း အဆွေခင်ပွန်းကောင်းကိုမှီဝဲခြင်းတိုဖြစ်ပါတယ်။

မေး။ ဘုန်းကြီးတွေ ကိုဆွမ်းကပ်ပြီးနောက် ဆွမ်းခွက်တွေကိုထိမိရင် အကပ်ပျက်သလား
ဖြေ။ ဘုန်းကြီးတွေကို ဆွမ်းကပ်ပြီးနောက် ဘုန်းကြီးတွေက ပြန်မစွန့်မချင်းအကပ်မပျက်ပါ။ သိုသော် ပေကျန်နေသောလက်ဖြင့်ထပ်မံကိုင်မိလျှင်တော့အကပ်ပျက်ပါတယ်။

မေး။ ပုတီးစိတ်ခြင်းနှင် တရားထိုင်ခြင်း ဘယ်ဟာကပိုကောင်းပါသလဲ
ဖြေ။ ပုတီးစိတ်ခြင်းသည် သမထဘာဝနာဖြစ်ပြီး၊ တရားထိုင်ခြင်းသည် ၀ိပဿနာဖြစ်သည်။ ထိုကြောင့် သမထထက်ဝိပဿနာကပိုကောင်းပါသည်။

No comments:

သင်တို့ရဲ့ကဗျာလေးတွေ စာလေးတွေ ကိုဒီ ဆိုက်မှာဖော်ပြစေချင်ရင် ပို့ပေးလိုလိုရတယ်နော်

foxyform