Sunday, June 15, 2014

ဗုဒ္ဓဘာသာ အမေးအဖြေ (၆)

မေး။ သံသရားတစ်လျှောက် ဘ၀ကို ကြိုးကိုင်ထားသောအရာမှာဘာလဲ
ဖြေ။ မသိမှု (အ၀ိဇ္ဇာ) နှင့် တက်မက်မှု (တဏှာ)တိုဖြစ်သည်။

မေး။ ဘ၀တိုးတက်ဖို့ ဘာကိုအားကိုရမှာလဲ?
ဖြေ။ ဘ၀တိုးတက်ဖို မြတ်စွာဘုရားက လူတိုင်းအား (အတ္တာဟိ အတ္တနော နာထော) မိမိ ကိုယ်ကို မိမိ အားထားကိုကွယ်ရမယ်လိုဆိုပါတယ်။

မေး။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတွေရဲ့အနှစ်ချုပ်ကဘာလဲ။
ဖြေ။ မြတ်စွာဘုရားဟောကြားခဲ့တဲ့ တရားတော်တွေရဲ့အနှစ်ချုပ်ကတော့ ၁။ မကောင်းမှုဟူသမျှရှောင်ပါ။
၂။ ကောင်းမှုတွေကို ဆောင်ပါ ။ ၃။မိမိစိတ်ကိုဖြူစင်အောင်ထားပါ
(လင်္ကာ )မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား

မေး။ ကံကြီး ငါးပါးထိုက်လိမ့်မယ်လိုပြောကြရာ ကံကြီး ငါးပါးကိုဖော်ပြပါ
ဖြေ။ ကံကြီး ငါးပါးမှာ ၁။ အမိကိုသတ်ခြင်း၊ ၂။အဖကိုသတ်ခြင်း၊ ၃။ဘုရားရှင်းကိုသွေးစိမ်းတည်အောင်ပြုခြင်း၊ ၄။ရဟန္တာကိုသတ်ခြင်း၊ ၅။သံဃာသင်းခွဲခြင်း(သံဃားအချင်းချင်း စိတ်ဝမ်းကွဲအောင်ပြုလုပ်ခြင်း)တိုဖြစ်ပါသည်။

မေး။ သေခြင်းနှင်ပါတ်သက်၍ မသိခြင်း(၅)ပါးကဘာလဲ။
ဖြေ။ သေခြင်းနှင့်ပါတ်သက်၍ မသိခြင်း (၅)ပါးမှာ ၁။ မည်သည့်အသက်အရွယ်မှာသေမည်၊ ၂။မည်သည့်အချိန်မှာသေမည်၊ ၃။ မည်သည့်ရော၈ါနဲ့သေမည်၊ ၄။မည်သည့်အရပ်ဒေသမှာသေမည်၊ ၅။မည်သိုသော ဘုံဌာနသိုရောက်မည် ကို မည်သူမှမိသနိုင်ပါ။

No comments:

သင်တို့ရဲ့ကဗျာလေးတွေ စာလေးတွေ ကိုဒီ ဆိုက်မှာဖော်ပြစေချင်ရင် ပို့ပေးလိုလိုရတယ်နော်

foxyform