Thursday, June 12, 2014

ဗုဒ္ဓ၀င် အမေးအဖြေ (၄)

မေး။ ဗုဒ္ဓဘာသာ ဟူသည်ကားအဘယ်သို့နည်း။
ဖြေ။ မြတ်စွာဘုရား အဆုံးအမ စကားများကိုဗုဒ္ဓဘာသာဟု ခေါ်ပါသည်။

မေး။ ဗုဒ္ဓဘာသာဝင် ဆိုတာကောဘာလဲ။
ဖြေ။ ဗုဒ္ဓဘာသာဝင် ဆိုတာ မြတ်စွာဘုရား အဆုံးအမအတိုင်းလိုက်နာကျင့်သုံးသူကို ဗုဒ္ဓဘာသာဝင် လိုခေါ်ပါတယ်။

မေး။ မြတ်စွာဘုရားကိုကော မည်သို့ ရှိခိုးကန်တော့ရမည်းနည်း
ဖြေ။ မိမိတို့၏ ရင်ထဲနှလုံးထဲမှာ  မြတ်စွာဘုရားဂုဏ်တော် ကျေးဇူးတော်တွေကို လေးနက်စွာသိပြီး
သက်ရှိမြတ်စွာဘုရားသဖွယ် သဘောထားပြီး ရှိခိုးကန်တော့ရပါမည်။

မေး။ သံဃာကို ဘာကြောင့် ကိုကွယ်ရပါသလဲ။
ဖြေ။ မြတ်စွာဘုရား၏ တရားတော်တွေကိုလေ့ကျင့်ပြီး ကောင်းစွာသဘောပေါက်ကာ မိမိတို့အား ဒုက္ခမှငြိမ်းရာ နိဗ္ဗာန်ကို သွားရန် သင်ကြားပေးသောကြောင့်ကိုးကွယ်ပါသည်။

မေး။ မြတ်စွာဘုရားက ဖန်ဆင်းရှင်လော၊ တန်ခိုးရှင်လော၊ ကယ်တင်ရှင်လော။
ဖြေ။ မြတ်စွာဘုရားသည် ဖန်ဆင်းရှင် တန်ခိုးရှင် ကယ်တင်ရှင်မဟုတ်ပါ၊ ဒုက္ခခပ်သိမ်းမှ လွတ်မြောက်နိုင်ပြီး ချမ်းသာကြောင်းတရားကို ညွန်ပြတော်မူသော မြတ်စွာဘုရားသည် မိမိတို၏ လမ်းပြသူ
ဖြစ်ပါသည်။

No comments:

သင်တို့ရဲ့ကဗျာလေးတွေ စာလေးတွေ ကိုဒီ ဆိုက်မှာဖော်ပြစေချင်ရင် ပို့ပေးလိုလိုရတယ်နော်

foxyform