အားလုံးသောသူတော်ကောင်းအပေါင်းတို့
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၊ ထေရ၀ါဒဗုဒ္ဓသာသနာကို နိုင်ငံတော်ဘာသာအဖြစ်၊ နိုင်ငံတော်သာသနာအဖြစ် ၁၉၆၁-ခုနှစ် ၊သြဂုတ်လ ၂၆ ရက်၊
(၁၃၂၃-ခုနှစ်၊ ၀ါခေါင်လပြည့်နေ့) မွန်းလွဲ ၁နာရီ ၂၅ မီးနစ်အချိန်တွင် နိုင်ငံတော်ဘာသာအက်ဥပဒေကို သမ္မတအိမ်တော်တွင် သမ္မတ ဦးဝင်းမောင် ကိုယ်တိုင် အခမ်းအနားဖြင့် လက်မှတ်
ရေးထိုး အတည်ပြုခဲ့ကြောင့် သိရှိခဲ့ရပါသည်။(၁၃၆၁ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသပဒေ(တတိယပြင်ဆင်ချက်) အက်ဥပဒေအမှတ် (၁၇) ပုဒ်မ၂၁၊ ပုဒ်မခွဲ ၁ )
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၊ ထေရ၀ါဒဗုဒ္ဓသာသနာကို နိုင်ငံတော်ဘာသာအဖြစ်၊ နိုင်ငံတော်သာသနာအဖြစ် ပြဋ္ဌာန်းခဲ့သည်မှာ ယခုနှစ်အထိ
၅၃ နှစ်ရှိခဲ့ပါပြီ။ ၅၃ နှစ်အတွင်း နိုင်ငံတော်ဘာသာနေ၊ နိုင်ငံတော်သာသနာနေ့အဖြစ်ကျင်းပပြုလုပ်ခဲ့သည်မှာ ၅၁နှစ်မြောက် နှင့် ၅၂နှစ်မြောက် နိုင်ငံတော်ဘာသာနေ့
နိုင်ငံတော်သာသနာနေ့အဖြစ် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ အကြီးအမှူးထားလျှက် ထေရ၀ါဒဓမ္မကွန်ရက်ကိုဖွဲ့စည်းပြီး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။
ထိုအခမ်းအနားတွင် နိုင်ငံတော်ဘာသာပြဋ္ဌာန်းနိုင်ရေးအတွက် အကြံပေးအဖွဲ့ ဦးဆောင် ဆရာတော်ကြီး ဘဒ္ဒန္တ သုန္ဒရ(ပခုက္ကူမြို့၊ မဟာဝိသုတာရာမကျောင်းတိုက်) ဦးဆောင်သည့်အဖွဲ့ကြီးက
ငြိမ်းချမ်းရေးအကျိုးအတွက် စတင်လက်မှတ်ရေးထိုးခဲ့သည့် (၁၉၆၁-ခုနှစ် ၊သြဂုတ်လ ၂၆ ရက်၊
(၁၃၂၃-ခုနှစ်၊ ၀ါခေါင်လပြည့်နေ့)မေတ္တာအခါတော်နေ့ ) ဖြစ်သည်အတွက် နောင်နှစ်တိုင်းနှစ်တိုင်း ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင့် နိုင်ငံတော်ဘာသာနေ့ နိုင်ငံတော်သာသနာ ဟု
ပြဋ္ဌာန်းပေးရန် သပ်မှတ်တော်မူခဲ့ပါသည်။
သို့ဖြစ်ပါ၍ အားလုံးသောသူတော်ကောင်းအပေါင်းတို့အနေဖြင့် ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ကို နိုင်ငံတော်ဘာသာနေ့ ၊ နိုင်ငံတော် သာသနာနေ့ အဖြစ် အသိအမှတ်ပြုကြပြီးလျှင်
မိမိတို့၏ အိမ်မှာ ၊ မိမိတို၏လမ်းမှာ သာသနအလံတော်ကို လွှင့်ထူပူဇော်ခြင်းဖြင့် နိုင်ငံတော်ဘာသာ၊ နိုင်ငံတော်သာသနာနေ့ ကို ဂုဏ်ပြုကြပါစို့။...............
No comments:
Post a Comment