ချစ်သားတို့.......
သူတစ်ပါးတို့သည် ငါဘုရား၏
ဂုဏ်တော်ကိုဖြစ်စေ၊ တရားတော်၏ ဂုဏ်တော်ကိုဖြစ်စေ၊ သံဃာတော်၏
ဂုဏ်တော်ကိုဖြစ်စေ၊ ပြောကြားရာတွင် သင်တို့သည် နှစ်သက်ခြင်း၊ ဝမ်းသာခြင်း၊
စိတ်အားတက်ကြွခြင်းတို့ မဖြစ်ကြစေနှင့်။ ဤသို့ဖြစ်ခြင်းသည်
အသင်တို့အားသာလျှင် အန္တရာယ်ဖြစ်စေသည်။ ထို့အတွက် ဤစကားတို့သည်
ဤအကြောင်းကြောင့်လည်း ဟုတ်မှန်၏၊ ထိုအကြောင်းကြောင့်လည်း ဟုတ်မှန်၏၊၊
စင်စစ်အားဖြင့် ဤဂုဏ်တော်သည် ထင်ရှားရှိသည်ဟုပင် ဟုတ်သည်ကို
ဟုတ်သည့်အတိုင်း အသင်တို့ ဖြေကြားရမည်။
(ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်)
No comments:
Post a Comment