Sunday, August 3, 2014

မြတ်ဗုဒ္ဓ၏ သြ၀ါဒ




ချစ်သားတို့.....
သူတစ်ပါးတို့သည် ငါဘုရား၏အပြစ်ကိုဖြစ်စေ၊ တရားတော်၏အပြစ်ကိုဖြစ်စေ၊ သံဃာတော်၏အပြစ်ကိုဖြစ်စေ၊ ပြောကြားရာတွင် သင်တို့သည် ရန်ငြိုးထားခြင်း၊ အမျက်ထွက်ခြင်း၊ နှလုံးမသာခြင်း၊ စိတ်မကျေချမ်းခြင်း၊ မဖြစ်ကြစေနှင့်။ ဤသို့ဖြစ်ခြင်းသည် အသင်တို့အားသာလျှင် အန္တရာယ်ဖြစ်စေသည်။ ဤသို့ အမျက်ထွက်လျှင် အသင်တို့သည် သူတစ်ပါးတို့၏ စကား အကောင်းအဆိုးကို မသိနိုင်ကြပေ။ ထို့အတွက် ဤစကားတို့သည် ဤအကြောင်းကြောင့်လည်း မဟုတ်၊ ထိုအကြောင်းကြောင့်လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ထင်ရှားမရှိဟုပင် မဟုတ်သည်ကို မဟုတ်သည့်အတိုင်း အသင်တို့ ဖြေရှင်းရမည်။
(ဒီဃနိကာယ်၊ သီလက္ခန္ဓ၀ဂ်၊ ဗြဟ္မဇာလသုတ်)

No comments:

သင်တို့ရဲ့ကဗျာလေးတွေ စာလေးတွေ ကိုဒီ ဆိုက်မှာဖော်ပြစေချင်ရင် ပို့ပေးလိုလိုရတယ်နော်

foxyform