Sunday, August 17, 2014
Friday, August 15, 2014
Wednesday, August 13, 2014
❆ ❆ ❆ ဇာတ်သိမ်းပိုင်းမြင်ကွင်း❆ ❆ ❆
ဆရာတော် ဦးဝါယမိန္ဒ ကျောင်းသစ်) ရဲကဗျာလေးပါ အတွေးများစွာကိုပေးပါတယ်.. ကဗျာလေးက
❆ ❆ ❆ ဇာတ်သိမ်းပိုင်းမြင်ကွင်း❆ ❆ ❆
.÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
❀ ဆင်ခြင်မှု့ကင်း
တွေဝေခြင်းဖြင့်
မြွေတွင်းကိုပိတ် ဆင်ကအိပ်ချိန်။
❀ တွင်းအောင်းမြွေမ
ထွက်မရ၍
ဒေါသဟည်းတိုက် ဆင်ကိုကိုက်၏။
❀ မြွေစွယ်ထိုးမိ
အဆိပ်ထိ၍
ရိုင်းသည့်တောဆင်၊ နာသည်းကျင်ပြီး
မြေပြင်၌လဲ...သေပွဲဝင်သော်။
❀ တွင်းထဲမြွေမ
ထွက်မရဘဲ၊
ဘဝညီစွာ၊ သေရရှာပြီ
ထိုခါ...ကျားရဲ...ဟိန်းသတည်း။ ။
Monday, August 11, 2014
♕ အရက်သမားဘဝမှ လွတ်မြောက်ရေး ဆုံးမစကားများ ♕
( ၁ )
၁။ အရက်ခွက်ကို မထမဦးဆုံးကိုင်တဲ့နေ့ဟာ ဘဝအမှောင်ကျဘို့ ဇာတ်လမ်းစ.လိုက်တာဘဲ လို့မှတ်ကြပါ။ တသက်လုံး ဇာတ်လမ်းမ ရုပ်စေခြင်ရင်အရက်ခွက် အရက်ပုလင်းကို ယောင်လို့တောင် လုံးဝမကိုင်ပါနဲ့။
၂။ လူမသေ ငွေမရှားဆိုပေမယ့် လူမသေသော် လည်းဆင်းရဲတွင်း နက်ပြီး ငွေမရှိသူဟာ အဲဒီအရက်သမားဘဲ၊ ငွေရှိလိုလျှင်၊အရက်မသောက်ပါနှင့် အရက်ကိုမုန်းပါ။
၃။ ခွေးချေးကို ဆီနဲကြော်လို.ကျက်.သွားပေမယ့် လုံးဝ.အသုံးမတည့်.၍.သွန်.ပစ်လိုက်ရတာဘဲ၊ ဒါ့ကြောင့် ခွေးချေးကြော်ဟာ .ကျက်သွန်.တွေဖြစ်သွားတယ်။ ထို့အတူအရက်သမား လုံးလုံး ဖြစ်သွားရင်တော့. ကျက်သွန်.ဖြစ်ဖို့သေခြာသွားပြီ။
၎။ အရက်ဟာပထွေးနဲတူပါတယ်၊ မယားပါသားသမီးတွေကို မထင်ရင် မထင်သလို နှိပ်စက်တတ်တယ်၊ အရက်ကလည်း အရက်နဲ့ပတ်သက်တဲ့လူတွေကို နှိပ်စက်နေမှာဘဲ။
၅။ ဇာတ်သိမ်းမလှဘဲ လူ့ဘဝထဲမှာ ခြေရာပျောက်ပြီး သုဿာန်ထဲ စောစောစီးစီးဝင်သွားရတဲ့အထဲမှာလည်း အရက်သမားတွေပါနေတယ်၊ သုဿာန်ထဲ စောစောစီးစီးမဝင်ရဘို့နဲ့ ဇာတ်သိမ်းလှဖို့ အရက်ရှောင်ပါ။
၆။ လူ့ဘဝရောက်တုန်း ထမင်းဝအောင် ပိုစားသွားပါ၊ အရက်ကိုတော့ လုံးဝသောက်မသွားပါနဲ့၊အရက်သောက်ခြင်းဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဘဲ။
၇။ ဇနီးမယားသားသ္မီးတို့ရဲ့ ဂရုစိုက်အလေးထား ချစ်ကြင်နာမှု ပြည့်ပြည့်၀၀ ခံစားလိုလျှင် အရက်လောကထဲက အမြန်ဆုံးရုံးထွက်ခဲ့ပါ၊ ဒါမှမဟုတ်ရင်တော့ ရင်နာစရာတွေဖြစ်ကုန်လိမ့်မယ်။
၈။ အရက်သောက် တော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တာနဲ့ တပြိုင်နက် ကိုယ့်မျက်နှာကို လက်သီးနဲ့ နာနာကြီးဆောင့်ထိုးပြ်ီး ဆုံးမလိုက်စမ်းပါ။ သူများဆုံးမတာထက် ကိုယ့်ကိုကိုဆုံးမတာကပိုပြီးလိမ္မာလွယ်တယ်။
၉။ အရက်သောက်တဲ့လူထဲက .တော်.တယ်ကောင်းတယ်ဆိုတဲ့လူဟာ အရက်ကိုလူက ဆင်ဆင်ခြင်ခြင် သောက်တဲ့အချိန်လေးမှာဘဲဖြစ်မယ်။ လူကိုအရက်က ပြန်သောက်တဲ့အချိန်မှာတော့အဲဒီလူဟာ လူညံ့လူဆိုးဖြစ်သွားပြီမှတ်ပေတော့။
၁၀။ အရက်သောက်သူများကို စိတ်ကူနဲ့ဘဲ သေဒဏ်ပေးကြည့်လူဦးရေသိသိသာသာကြီး လျှော့သွားနိုင်တယ်၊ အရက်ကဘာကောင်းကျိုးပေးဘူးလို့လည်း၊ အရက်ကိုထည့် မတွက်ဘဲ ရွံမုန်းလိုက်စမ်းပါ။
၁၁။ နည်းစနစ်မှန်တဲ့အရက်လား၊ စီးပွားဖြစ်အရက်လား၊ဘာအရကွလည်း၊ ချက်ချင်သလိုချက်ပြီး ထင်သလိုရောင်းနေတဲ့အရက်တွေ အကြောင်းဇစ်ဇစ်မြစ်မြစ်မသိရင်တော့ မကြာခင်အရက်သမားအိမ်ထဲ နာရေးပို့မယ့်လူတွေ ရောက်လာတော့မယ် သတိထားနော်။
ဦးဝါယမိန္ဒ
ကျောင်းသစ်ကျောင်းဆရာတော်
Friday, August 8, 2014
အကျိုးရှိသောစကားတစ်ခွန်းဖြစ်ပါစေ
အကျိုးမရှိတဲ့စကားလုံးတွေနဲ့ 
ဖွဲ့ စည်းတည်ဆောက်ထားတဲ့
စကားရပ်တွေအခွန်းပေါင်း
တစ်ထောင်ရှိနေပါစေ
လုံးဝမမြတ်ပါဘူး
ကြားလိုက်ရတာနဲ့စိတ်ထဲမှာ
ကိလောသာငြိမ်းအေး
သွားစေတဲ့စကားမျိုး၊
အကျိုးရှိတဲ့စကားမျိုးကတော့
တစ်ခွန်းတည်းဖြစ်ပါစေ၊
မြင့်မြတ်လှပါတယ်။
(ဓမ္မပဒ-၁၀၀)
စကားပြောနည်း
စကားအင်္ဂါ ( ၅ ) တန်
( ၁ ) ပြောသင့်သောအခါမှပြောရာ၏၊ အချိန်မတန်လျှင်မပြောဆိုရာ ။
( ၂ ) အမှန်ကိုသာပြောဆိုရာ၏၊ မမှန်မကန် လုပ်ကြံမပြောဆိုရာ။
( ၃ ) နူးညံ့ချိုသာစွာပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာမပြောဆိုရာ
( ၄ ) အကျိုးစီးပွားဖြစ်မည့်စကားကိုသာပြောဆိုရာ၏။
အကျိုးယုတ်မည့်စကားကို မပြောဆိုရာ။
( ၅ ) မေတ္တာရှေ့ ထားပြောဆိုရာ၏၊ ဒေါသမောဟဖြင့်မပြောဆိုရာ။
( အင်္ဂုတ္ထိရ်ပါဋ္ဌိတော် )
Thursday, August 7, 2014
သင်ဘယ်သူကို ပေါင်းမလဲ
သူတော်ကောင်းတို့ နှင့်
ပေါင်းဆုံရခြင်းသည်
တကြိမ်သာလျှင်ဖြစ်၏။
(၀ါ)တကြိမ်သာလျှင်ဖြစ်စေကာမူ
ထိုတကြိမ်မျှပေါင်းဆုံရ
တွေ့ ရခြင်းသည်
သူတော်ကောင်းတို့ နှင့်
ပေါင်းဆုံတွေ့ ရသောထိုသူကို
အကျိုးမဲ့ပယ်ရှား၊
အကျိုးများအောင်
ဆောင်ရွက်စောင့်ရှောက်တတ်ချေ၏။
သူယုတ်မာတို့ နှင့်အကြိမ်များစွာ
ပေါင်းဆုံရခြင်းသည်
(၀ါ)အကြိမ်များစွာပေါင်းဆုံရစေကာမူ
အကျိုးများအောင်
မဆောင်ရွက်မစောင့်ရှောက်တတ်ချေ။
(မဟာသုတသောမဇာတ်)
Tuesday, August 5, 2014
လူ့ လိုက်ပွဲများ
❆ အစားခံအာဟာရ
မဝက...လိုက်ပွဲ...ထပ်မှာ
❆ မဆင်ခြင် နင့်အောင်စား
လူသား...ထုံး...ပါ
❆ သေမင်းကို ဗိုက်ခွဲရှာ
လိုက်ပွဲများစွာ တွေ့မှာမလွဲ
❆ အစားခံမနုဿများရေ
အမှားကြံ မယုတ်ကြငြားလေနဲ့
လုပ်ပါ့...မနားမနေ ဉာဏ်လွှာကဲပါလို့
လိုက်ပွဲ...မှာထပ်မသွားဖို့ရယ်
( ကွယ် ) တရား..ကျင့်မြဲ ။ ။
ဦးဝါယမိန္ဒ
ကျောင်းသစ်၊ ကြံခင်း
ဗုဒ္ဓဘာသာအပေါ် ကမ္ဘာကျော် ပညာရှင်များ၏ အတွေးအမြင်များ
တရားကိုမသိသောလူမိုက်
Monday, August 4, 2014
ဗုဒ္ဓဘာသာဝင် (၅)မျိုး
(၂) လာဘ ဗုဒ္ဓဘာသာ (လာဘ်လာဘကို လိုချင်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
(၃) ဘယ ဗုဒ္ဓဘာသာ (ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာ)၊
ကုလ ဗုဒ္ဓဘာသာဝင်
ကုလဗုဒ္ဓဘာသာဆိုသည်မှာ အဆွေအမျိုးကို အကြောင်းပြု၍ ဗုဒ္ဓဘာသာဖြစ်ခြင်း (ရိုးရာ ဗုဒ္ဓဘာသာ) ဖြစ်ပါတယ်။ အမေ၊ အဖေက ဗုဒ္ဓဘာသာဖြစ်ခြင်းကြောင့် သား၊ သမီးကဗုဒ္ဓဘာသာဖြစ်ခြင်းပါ။
ဗုဒ္ဓဘာသာဘုရားရှင်၏၀ါဒ အတိုင်းကိုယ်ပိုင်ဉာဏ်နှင့် ဝေဖန်သုံးသပ် ဆင်ခြင်ကာ တရားအသိ၊ ပညာတိုးပွားအောင် လေ့လာသင်ယူ နာကြားသင့်ပေသည်။
လာဘ ဗုဒ္ဓဘာသာဝင်
ကျွန်တော်တို့မှာ ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ကျွန်တော်တို့ကိုးကွယ်နေသော ဗုဒ္ဓဘာသာဘုရားရှင်က သစ္စာလေးပါးမြတ်တရားကို ကိုယ်တော်တိုင် သိမြင်ပြီးပွင့်ထွန်းလာရသည်ကို သိရန်လိုအပ်ပါလိမ့်မည်။
(၂) ကောင်းမှု မှန်သမျှလုပ်၊ ပြည့်စုံအောင်လုပ်။
(၃) မိမိစိတ်ကို ဖြူစင်အောင်၊ သန့်ရှင်းအောင်၊ စင်ကြယ်အောင်လုပ်။
တရားတွေပဲ ဖြစ်ပါတယ်။ ကိလေသာရှိနေသမျှ သံသရာကမလွတ်ဘဲ တ၀ဲလည်လည်ကျင်လည်ပြီး
သေပြီးရင်း သေနေရဦးမှာဖြစ်လို့ ကိလေသာကိုလည်း သတ်တတ်တဲ့ “မာရ်”လို့ခေါ်ပါတယ်။
သစ္စာတရားများ ဟောကြားခဲ့သော ဗုဒ္ဓဘုရာရှင်ကို လာဘ်လာဘ ပေါများအောင်အတွက် ကိုးကွယ်နေကြသော သူများကို လာဘဗုဒ္ဓဘာသာ ဟုခေါ်ပါတယ်။
မိမိအကျိုးကိုလိုလားပြီး ဘုရားကိုလှူတာမျိုးကို လာဘဗုဒ္ဓဘာသာတွေလုပ်ကြပါတယ်။
ပေါက်ပေါက်ဆုပ် လှူကြပါတယ်။ “ထော”အောင်ဆိုပြီး ထောပတ်သီး လှူကြပါတယ်၊ ဘုရားကိုလှူတော့ အလုံးလိုက်လှူတယ်။ မိမိစားတော့ သကြား၊ နို့ဆီနဲ့ပေါက်စားကြပါတယ်။ (ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလား ဆိုတာ စာဖတ်သူများပင် စဉ်းစားကြည့်ကြပါ)။ ထို့အပြင် ကိုးကွယ်မှု မပြုလုပ်အပ်တာများကိုပါ လုပ်ဆောင်လာကြပါတယ်။
ဗုဒ္ဓဘာသာဝင်များက အလေးထား ကိုးကွယ်ကြမည်မဟုတ်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များက အလေးထား ကိုးကွယ်ကြစေရန် ဗေဒင်သုံးပုံအစား ပိဋကတ်သုံးပုံစောင့်သည်ဟုဆိုကာ သူရဿတီလက်ထဲသို့ ဗုဒ္ဓ၏ တရားရတနာ ပိဋကတ်သုံးပုံကို ထည့်ပေးလိုက်ပါတော့တယ်။
ဆဋ္ဌမသင်ဂါယနာတိုင်အောင် ဆင်းရဲမျိုးစုံကြားမှ မပျောက်ပျက်အောင် ထိန်းသိမ်းခဲ့ကြရပါတယ်။ ယခုလည်း စောင့်ရှောက်ထိန်းသိမ်းဆဲ နောင်လည်းစောင့်ရှောက်ထိန်းသိမ်း နေမည်သာဖြစ်တယ်။
ဘယ ဗုဒ္ဓဘာသာဝင်
ဘယ ဗုဒ္ဓဘာသာဆိုသည်မှာ ဘေးအန္တရာယ်ကြောက်၍ကိုးကွယ်ရသော ဗုဒ္ဓဘာသာမျိုးဖြစ်ပါတယ်။
လာမေးသူက ကောင်းမှုတွေလုပ်ပြီး မကောင်းကံတွေကို တားနိုင်တာကြောင့်လဲ မှားသွားတတ်ပါတယ်။
ဘုရားရှင်ကိုလာမေးပါတယ်။ ဘုရားရှင်ကလည်း သေမယ် လို့ပဲဟောပါတယ်။ အဲဒီအခါ ပုဏ္ဏားလန့်ပြီး ငါသာ မျောက်ဖြစ်ရင်စားဖို့ ငှက်ပျောသီးပင်တွေစိုက်မယ်၊ ငှက်ဖြစ်ရင်နေဖို့ ညောင်ပင်စိုက်မယ်၊ ငါးဖြစ်ရင်နေဖို့ ရေကန်တူးမယ် စသဖြင့် အမျိုးမျိုး စဉ်းစားပြီး စိုက်ပျိုးလိုက်တာ အများကြီးပါပဲ။
အာရုဏ်တက်ချိန်အထိလဲ မသေရော၊ သူ့ကို စိတ်ဆင်းရဲအောင် လုပ်ရမလားလို့ ဘုရားရှင်ကို စိတ်ဆိုးပြီး ရန်တွေ့ဖို့ ထွက်လာပါတယ်။
သံသရာကလွတ်နိုင်မှာမဟုတ်တော့ပါ။ ထို့ကြောင့် မိမိတို့ဘေးကိုကြောက်လို့၊ လာဘ်လိုချင်လို့၊ မိရိုးဖလာအရ စသည်ဖြင့် မကိုးကွယ်ကြပါရန် သတိပေး ရေးသားအပ်ပါတယ်။
သဒ္ဓါဓိက ဗုဒ္ဓဘာသာဝင်
ကျွန်တော်တို့တွေသည် ဘာသာဝင်အရပြောရရင် ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြပါတယ်။ ဗုဒ္ဓဘာသာဝင် ဖြစ်လာ ခဲ့ရင် ဘုရားသာသနာတော်နဲ့ ကြုံနေတဲ့ကာလမှာ ကမ္မဿကတ (ကံ၊ ကံ၏အကျိုးကို ယုံကြည်သော ဉာဏ်)နှင့် သစ္စာနုလောမိကဉာဏ်(သစ္စာသိတဲ့ဉာဏ်) ရအောင်ကြိုးစားနိုင်မှသာလျှင် အထက်တန်းစားဗုဒ္ဓဘာသာဝင် ဖြစ်ပါမယ်။
(ကိုယ်ပိုင်ဉာဏ်နှင့်ဝေဖန်ပိုင်းခြားရသည့်ဝါဒ ဖြစ်ပါတယ်)။ ယုံကြည်မှုလွန်ကဲပြီး ဘိုးတော်၊ ဘွားတော်၊ နတ်တွေကို ယုံကြည်မိရင် ဒိဋ္ဌိ ဖြစ်ပါမယ်။
ဖြစ်မလာတော့ သူငယ်ချင်းနှစ်ယောက်တိုင်ပင်ပြီး ဘုရားထံလျှောက်ကြားပါတယ်။
အစွဲကြီးပြီးတော့ ပြိဿာတွေ ဖြစ်နေတဲ့သူတွေဘဲဖြစ်ပါတယ်။
အခြေခံတိုင်တည် သစ္စာတရားကို ဖော်ကျူးဟောကြားခဲ့ဖြစ်ပါတယ်။
ပညာဓိကဗုဒ္ဓဘာသာဝင် ဆိုသည်မှာ
ပညာဓိက ဗုဒ္ဓဘာသာ ဆိုသည်မှာ ပညာဉာဏ်နှင့်ယှဉ်တွဲ၍ကိုးကွယ်သော ဗုဒ္ဓဘာသာ ဖြစ်ပါတယ်။ အတက်တန်းစားဗုဒ္ဓဘာသာဖြစ်ပါတယ်။
ကမ္ဘာတစ်သိန်း ပါရမီ ဖြည့်ကျင့်ခဲ့ရပါတယ်။
သိမြင်သောဉာဏ်) ဖြစ်ပါတယ်။
လိမ္မာကြဖို့ဆုံးမ ဟောကြားခဲ့တဲ့ အဆုံးအမ တရားဟူသမျှကို ခေါ်ပါတယ်။
ဘုရားမပွင့်လည်း ပြုလုပ်ကြပါတယ်။
မသိတော့ဘုံ၊ ဘ၀တွေလိုချင်ပြီး ဆုတောင်းခဲ့တာက(တဏှာ)၊ ငါ့အလှူ၊ ငါလုပ်တာလို့ စွဲတာက(ဒိဋ္ဌိ)၊ ဒါတွေကြောင့် လက်ရှိခန္ဓာကြီးရနေရတာပါ။
လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ မသိရ၊
များလှအပြစ်တွေ”…၊
အတိုင်းလိုက်ကျင့်ရပါမယ်။ ယောင်းမသည်ဟင်း၏ အရသာကိုမသိရသလို အသိဉာဏ်မရှိသောသူသည်လည်း တရားအရသာကို သိရမှာမဟုတ်ပါဘူး။ ထို့ကြောင့် ကုသိုလ်ကောင်းမှုတွေပြုလုပ်တဲ့အခါမှာ နိဗ္ဗာန် ကိုသာ ရည်စူး၍ပြုလုပ်ရပါမယ်။
လွတ်ကြောင်းတရားများကိုသိရှိ၊ ကျင့်ကြံနိုင်မှသာ ပညာဓိကဗုဒ္ဓဘာသာ ဖြစ်ပါလိမ့်မည်။
မိမိသည် သံသရာဘေးမှ လွတ်မြောင်နိုင်ပါလိမ့်မည်။
ဟောဖော်ပြောကြား၊ မြတ်တရားကြောင့်၊
ဤကားကုသိုလ်၊ အကုသိုလ်နှင့်၊
ထိုထိုဘုံဘ၀ သိကြရ၊
များလှကျေးဇူးတွေ”…။
ပညာမဲ့နှင့် အကုသိုလ်ကံ
၁၃၇၆ ခုနှစ်၊ ၀ါခေါင်လပြည့်နေအတွက် နိုးဆော်လွှာ(နိုင်ငံတော်ဘာသာနေ့)
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၊ ထေရ၀ါဒဗုဒ္ဓသာသနာကို နိုင်ငံတော်ဘာသာအဖြစ်၊ နိုင်ငံတော်သာသနာအဖြစ် ၁၉၆၁-ခုနှစ် ၊သြဂုတ်လ ၂၆ ရက်၊
(၁၃၂၃-ခုနှစ်၊ ၀ါခေါင်လပြည့်နေ့) မွန်းလွဲ ၁နာရီ ၂၅ မီးနစ်အချိန်တွင် နိုင်ငံတော်ဘာသာအက်ဥပဒေကို သမ္မတအိမ်တော်တွင် သမ္မတ ဦးဝင်းမောင် ကိုယ်တိုင် အခမ်းအနားဖြင့် လက်မှတ်
ရေးထိုး အတည်ပြုခဲ့ကြောင့် သိရှိခဲ့ရပါသည်။(၁၃၆၁ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံသပဒေ(တတိယပြင်ဆင်ချက်) အက်ဥပဒေအမှတ် (၁၇) ပုဒ်မ၂၁၊ ပုဒ်မခွဲ ၁ )
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ထေရ၀ါဒ ဗုဒ္ဓဘာသာ ၊ ထေရ၀ါဒဗုဒ္ဓသာသနာကို နိုင်ငံတော်ဘာသာအဖြစ်၊ နိုင်ငံတော်သာသနာအဖြစ် ပြဋ္ဌာန်းခဲ့သည်မှာ ယခုနှစ်အထိ
၅၃ နှစ်ရှိခဲ့ပါပြီ။ ၅၃ နှစ်အတွင်း နိုင်ငံတော်ဘာသာနေ၊ နိုင်ငံတော်သာသနာနေ့အဖြစ်ကျင်းပပြုလုပ်ခဲ့သည်မှာ ၅၁နှစ်မြောက် နှင့် ၅၂နှစ်မြောက် နိုင်ငံတော်ဘာသာနေ့
နိုင်ငံတော်သာသနာနေ့အဖြစ် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ အကြီးအမှူးထားလျှက် ထေရ၀ါဒဓမ္မကွန်ရက်ကိုဖွဲ့စည်းပြီး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိခဲ့ရပါသည်။
ထိုအခမ်းအနားတွင် နိုင်ငံတော်ဘာသာပြဋ္ဌာန်းနိုင်ရေးအတွက် အကြံပေးအဖွဲ့ ဦးဆောင် ဆရာတော်ကြီး ဘဒ္ဒန္တ သုန္ဒရ(ပခုက္ကူမြို့၊ မဟာဝိသုတာရာမကျောင်းတိုက်) ဦးဆောင်သည့်အဖွဲ့ကြီးက
ငြိမ်းချမ်းရေးအကျိုးအတွက် စတင်လက်မှတ်ရေးထိုးခဲ့သည့် (၁၉၆၁-ခုနှစ် ၊သြဂုတ်လ ၂၆ ရက်၊
(၁၃၂၃-ခုနှစ်၊ ၀ါခေါင်လပြည့်နေ့)မေတ္တာအခါတော်နေ့ ) ဖြစ်သည်အတွက် နောင်နှစ်တိုင်းနှစ်တိုင်း ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင့် နိုင်ငံတော်ဘာသာနေ့ နိုင်ငံတော်သာသနာ ဟု
ပြဋ္ဌာန်းပေးရန် သပ်မှတ်တော်မူခဲ့ပါသည်။
သို့ဖြစ်ပါ၍ အားလုံးသောသူတော်ကောင်းအပေါင်းတို့အနေဖြင့် ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ကို နိုင်ငံတော်ဘာသာနေ့ ၊ နိုင်ငံတော် သာသနာနေ့ အဖြစ် အသိအမှတ်ပြုကြပြီးလျှင်
မိမိတို့၏ အိမ်မှာ ၊ မိမိတို၏လမ်းမှာ သာသနအလံတော်ကို လွှင့်ထူပူဇော်ခြင်းဖြင့် နိုင်ငံတော်ဘာသာ၊ နိုင်ငံတော်သာသနာနေ့ ကို ဂုဏ်ပြုကြပါစို့။...............
၁၃၇၆-ခုနှစ် ၀ါခေါင်လပြည့်နေ့အတွက် နှိုးဆော်လွှာ (မေတ္တာအခါတော်နေ့)
ဒီမေတ္တာသုတ်ကို ဟောရခြင်းရဲ့ အကြောင်းကို ဗုဒ္ဓစာပေတွေမှာ ဖော်ပြပါရှိပါတယ်။ စာပေအဖွင့်တွေအရ ဗုဒ္ဓလက်ထက်က ရဟန်းတော်များဟာ ၀ါဆိုခါနီး ရောက်တဲ့အခါ အားထုတ်စရာ ကမ္မဋ္ဌာန်း တစ်ခုခုကိုယူပြီး တောရွာတောအုပ် စတဲ့အရပ်တွေမှာ ၀င်ရောက်ပြီး ၀ါတွင်းကာလ တရားဓမ္မနဲ့ ကမ္မဋ္ဌာန်း အလုပ်များ အားထုတ်လေ့ ရှိတယ်ဆိုတာ သိရပါတယ်။ ဒီအစဉ်အလာအတိုင်း မထင်မရှား ရဟန်းငါးရာဟာလည်း ကမ္မဋ္ဌာန်းကိုယူပြီး ဟိမ၀န္တာအနီး တောအုပ်တစ်ခုသို့ ၀င်ရောက်ကာ နီးစပ်ရာ သစ်ပင်များအောက်မှာ ကမ္မဋ္ဌာန်း တရား အားထုတ်ကြပါတယ်။ ဒီအခါမှာ အဲဒီ သစ်ပင်အသီးသီးမှာရှိတဲ့ ဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ သီလသမာဓိနဲ့ ပြည့်စုံတဲ့ ရဟန်းတော်များ ရောက်လာတဲ့အတွက် သစ်ပင်တွေအပေါ်မှာ မနေသာတော့ပဲ ဒုက္ခရောက်ကြရပါတယ်။ ဒီလိုဒုက္ခရောက်တော့ အဲဒီဘုမ္မစိုး၊ ရုက္ခစိုးစတဲ့ နတ်တွေဟာ ကြောက်မက်ဖွယ်ရာ အမျိုးမျိုးနဲ့ ရဟန်းတော်များ နေလို့မရအောင် ချောက်လန့်တဲ့အတွက် ရဟန်းတော်များဟာ ကြောက်ကြောက်လန့်လန့်ဖြစ်ကာ တရားလည်း အားထုတ်မရဖြစ်ပြီး နောက်ဆုံးဝါတွင်းကြီးမှာပဲ ဘုရားရှင်ထံ ပြန်ရောက်လာကာ အကျိုးအကြောင်း လျှောက်ပြကြပါတယ်။ ဘုရားရှင်က ရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးပြီး မေတ္တာပို့ရင်း ကမ္မဋ္ဌာန်း အားထုတ်ကြဖို့ ညွန်ကြားပေးလိုက်ကာ အဲဒီတောအုပ်ကို ပြန်စေပါတယ်။ ရဟန်းတော်များလည်း ဘုရားရှင် ညွန်ကြားတဲ့အတိုင်း မေတ္တာပို့သတဲ့အတွက် ရုက္ခစိုး၊ ဘုမ္မစိုးနတ်တွေဟာ ရဟန်းတော်များရဲ့ မေတ္တာကိုယူရင်း တစ်ဖန်ပြန်ပြီး ရဟန်းတော်များကို စောင့်ရှောက်တဲ့အတွက် ကမ္မဋ္ဌာန်းတရားကို အေးအေးဆေးဆေး အားထုတ်ခွင့်ရခဲ့ ကြတယ်လို့ စာပေမှာ ဖော်ပြပါတယ်။
ဘုရားရှင်ဟာ အဲဒီရဟန်းငါးရာကို မေတ္တာသုတ်ကို သင်ပေးရင်း မေတ္တာတရားတော်ကို ဟောကြားတော်မူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမေတ္တာရား ဟောကြားတော်မူတဲ့နေ့ကို အစွဲပြုပြီး မြန်မာဗုဒ္ဓဘာသာတွေဟာ ၀ါခေါင်လပြည့်နေ့ကို မေတ္တာအခါတော်နေ့လို့ သတ်မှတ်ကြတာ ဖြစ်ပါတယ်။ ဘုရားရှင် ဟောကြားတော်မူတဲ့ မေတ္တာသုတ်ဟာ ဒီနေ့ပရိတ်ကြီး ၁၁သုတ်မှာပါတဲ့ မေတ္တာသုတ်ပဲ ဖြစ်ပါတယ်။ ပိဋကတ်တော်မှာတော့ ခုဒ္ဒကနိကာယ်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီမေတ္တာသုတ်လာ မေတ္တာပွားနည်းကိုပဲ တိပိဋက မင်းကွန်းဆရာတော် ဘုရားကြီးက “လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ၊ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ” စသဖြင့် အလွယ်တကူ မေတ္တာပွားနိုင်အောင် လင်္ကာဆောင်ပုဒ်လေးများနဲ့ လူအများကို ရွတ်ပွားစေခဲ့တာ ဖြစ်ပါတယ်။
အထူးသဖြင့်
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ…
အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ…
ဆင်းရဲလိုခြင်း အချင်းချင်း ကင်းရှင်းကြပါစေ… ဆိုတဲ့ အပိုဒ်လေးတွေကို ထပ်ခါထပ်ခါ ရွတ်ပွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေ့ခေတ် လူအတော်များများဟာ ဘယ်မှာနေနေ၊ ဘယ်သူနဲ့တွေ့တွေ့ ဒီမေတ္တာဓာတ်တွေ ကင်းနေကြတာကို တွေ့နေမြင်နေရလို့ပဲ ဖြစ်ပါတယ်။ လူအချင်းချင်း မေတ္တာထားဖို့ နေနေသာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ရင် ဘယ်လိုလှည့်ပတ်လိုက်ရမလဲ၊ ဘယ်လို နှိမ်ချလိုက်ရမလဲ၊ ဘယ်လို ဒုက္ခပေးလိုက်ရမလဲ… လို့ချည်းပဲ စဉ်းစားနေကြတော့ မေတ္တာတရားတွေလည်း ခေါင်းပါးပြီး၊ ရန်ငြိုးဖွဲ့ကြ၊ နိုင်ထက်စီးနင်းလုပ်ကြ၊ ညှင်းပန်းနှိပ်စက် လုပ်ကြတာတွေပဲ များနေတော့တာ ဖြစ်ပါတယ်။ ဒီလို မေတ္တာတရားတွေ ခေါင်းပါးလာကြတဲ့အတွက် လောကကြီးမှာ ဘယ်နိုင်ငံပဲကြည့်ကြည့် ငြိမ်းချမ်းမှုမရှိဘဲ တစ်ဦးနဲ့တစ်ဦး တိုက်ကြခိုက်ကြတာတွေပဲ ဖြစ်ကုန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လူအချင်းချင်း အတူတူ တစ်ဦးအပေါ်တစ်ဦး ရိုးသားကြဖို့၊ လေးစားကြဖို့၊ ချမ်းသာကိုပေးကြဖို့ မေတ္တာတရား များများထားကြပါလို့ ဆိုကြခြင်း ဖြစ်ပါတယ်။
သိကြတဲ့အတိုင်း မေတ္တာဆိုတာ ချစ်ခင်ခြင်း၊ အကျိုးလိုလားခြင်း သဘောကို ဆောင်တဲ့အတွက် လူအသီးသီးမှာ ဒီမေတ္တာတရားတွေ များများရှိလေ တစ်ဦးနဲ့တစ်ဦး အကျိုးတရားတွေကို များများဆောင်လေ၊ တစ်ဦးချမ်းသာအောင် တစ်ဦးက စောင့်ရှောက်ကြလေ ဖြစ်ကြမှာပါ။ “မေတ္တာဆိုတာ အလျားအနံ မရှိပေမယ့် အသွားအပြန်တော့ ရှိတယ်”ဆိုတဲ့ စကားလိုပဲ မေတ္တာဓာတ်ဟာ မမြင်နိုင်တဲ့ အစွမ်းတွေ ရှိတဲ့အတွက် ကိုယ်ကသူတပါးကို မေတ္တာထားလေလေ သူတပါးကလည်း ကိုယ်ကိုမေတ္တာနဲ့ ပြန်တုံ့ပြန်လေ ဖြစ်မှာပါ။ ကိုယ်ကိုယ်တိုင်က အရင်ဆုံး မေတ္တာထားနိုင်မှ သူတပါးကလည်း ကိုယ့်ကိုပြန်ပြီး မေတ္တာထားလာမှာ ဖြစ်ပါတယ်။ ဒီလို တစ်ဦးနဲ့တစ်ဦး အပြန်အလှန် မေတ္တာထားပြီး သူ့အကျိုး မပျက်စီးအောင်၊ သူတပါးဒုက္ခ မရောက်အောင် နေနိုင်ကြမယ်ဆိုရင် လောကကြီးမှာ ရန်သူဆိုတာ ရှိမှာမဟုတ်ဘဲ ငြိမ်းချမ်းမှုတွေနဲ့ အေးမြနေကြမှာ ဖြစ်ပါတယ်။ ဒီတော့ကား ဘယ်သူတွေ ဘယ်လိုပဲ ဖြစ်ကြပါစေ။ ကိုယ်ကစပြီး သူတပါးအပေါ်ကို မေတ္တာထားနိုင်အောင် ကြိုးစားပြီး မေတ္တာစိတ်လေးတွေနဲ့ နေထိုင်ပြောဆို ပြုမူဆက်ဆံနိုင်အောင် လေ့ကြည့်ကြဖို့ လိုပါတယ်။ ကိုယ်ကမေတ္တာ အားကောင်းလာရင် ရန်သူတောင်မှ ကိုယ့်ကိုပြန်ပြီး မေတ္တာနဲ့ တုံ့ပြန်လာမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
ဒါကြောင့် အခုလို မေတ္တာအခါတော်နေ့မှာ အားလုံးရဲ့ သန္တာန်မှာ မေတ္တာစိတ်လေးတွေ ကိန်ပြီး ဒေါသလေးတွေ ငြိမ်းကြစေဖို့၊ တစ်ဦးနဲ့တစ်ဦး မေတ္တာလေးတွေ ထားကြည့်ကြဖို့၊ တစ်ဦးချင်းရဲ့ စိတ်မှာ ဘယ်သူ့ဘယ်သူ အပေါ်မှ လှည့်ပတ်ခြင်း၊ ညှင်းစဲခြင်း၊ ဒုက္ခပေးခြင်း စတဲ့ မကောင်းတာတွေ မကိန်းရအောင် ကောင်းတဲ့စိတ်ထားလေးတွေ ထားနိုင်ကြဖို့ မေတ္တာများများ ပွားကြည့်ကြပါလို့ မေတ္တာအခါတော်နေ့ကို သက်သေပြုကာ မေတ္တာတရား ပို့သပေးရင်း အသိပေးစကား ပါးလိုက်ရပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလို မေတ္တာ အခါတော်နေ့လေးမှာတော့ မှတ်မှတ်ရရ အနေနဲ့ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ဒီမေတ္တာပို့လေးကို ရွတ်နိုင်သမျှရွတ်ပွားရင်း ကိုယ့်သန္တာန်မှာ အခိုက်အတန့်ပဲ ဖြစ်ဖြစ် မေတ္တာဓာတ်များ ကိန်းစေဖို့ မေတ္တာဘာဝနာ ပွားကြည့်ကြပါလို့ တိုက်တွန်းရင်း မေတ္တာသုတ်ကို မြန်မာဆောင်ပုဒ်ပြု သီးကုံးပေးထားတဲ့ မင်းကွန်းဆရာတော်ကြီးရဲ့ မေတ္တာပို့လေးကို တင်ပြလိုက်ပါတယ်။ အားလုံး တစ်ဦးအပေါ်တစ်ဦး မေတ္တာစိတ်နဲ့ ဆက်ဆံပေါင်းသင်းနိုင်ကြပါစေ…။
၁။ လုံးစုံများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါ
ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
မှတ်ချက်။ ။မနာပဒါယီ စာစဉ်ကို အမှီပြုပြီးရေးသားသည်။