အတွေးလက်ဆောင်
ဥယျာဉ်မှူး
ဥယျာဉ်မှူးဆိုတာပန်းတစ်ပွင့်စီရဲ့ အလှကိုခံစားနားလည်သလို့၊ တန်ဖိုးထားတတ်သလို့။
ပန်းတစ်ခင်းလုံးရဲ့အလှ၊ မျက်ခင်းစိမ်းစိမ်း လေးရဲ့ အလှတရားကိုလဲ
မြင်တတ် ခံစားတတ် နားလည်တတ်ဖို့ အရမ်းလို့အပ်ပါတယ် ........
ပန်းပွင့်များ
တစ်ချို့လူတွေကတော့စပယ်ပန်းနဲ့တူပါတယ်အဖြူရောင် အဆင်းတော့ရှိပါတယ် ပွင့်ဖတ်ကသေးတယ်
စံပယ်ရနံကိုတော့ကြိုက်ပါတယ် ဒါပေမယ့် တစ်နေကုန်မခံဘူး
နှင်းဆီပန်းလို့ စံပယ်မှာမာနဆူးတွေမရှိဘူး။
ဒါပေမယ့် နှင်းဆီပန်းလို့
(၁၂)လရာသီတိုင်း စည်းမဲ့ကမ်းမဲ့ ပွင့်ချင်တိုင်းလဲ ပွင့်တဲ့ ပန်းမျို
သူ မပါပါဘူး။
အမေ့လက်
အမေ၏လက်ကိုမေ့ပြီး
ချစ်သူလက်ကို တန်ဖိုးထားမိတတ်ကြပါသည်။
အမေ့မျက်ကို သုတ်ပေးဖို့ထက်
ချစ်သူမျက်ရည်ကိုသုတ်ပေးဖို့ အမြဲစိတ်ကူးနေတတ်ကြပါသည်။
အမေ့လက်ကို တွဲဖို့ထက်
ချစ်သူလက်ကိုတွဲဖို့ အမြဲကြိုးစားနေတတ်ကြပါသည်။
နီးနီးဝေးဝေး
အရင်တုန်းက နောက်ဘ၀ဆိုတာ အဝေးကြီးမနက်ဖန်ဆိုတာနီးနီးလေးလို့ ထင်ထားတာ။
အခုမှ တွေးမိတယ်
မနက်ဖန်ဆိုတာ အဝေးကြီး
နောက်ဘ၀ဆိုတာနီးနီးလေးပါ။
ဒါကြောင့်
မနက်ဖန်ဆိုပြီး အချိန်မဆွဲကြပါနဲ့...............
ဂုဏ်ပြုထိုက်သူများ
မင်းသူငယ်ချင်းကသူသမီး ဂုဏ်ထူးထွက်တာကိုပဲ
ဂုဏ်ပြုဖို့သတိရတာပါ.
သူအမေ့ အသက်(၈၀)ကျော်နေပြီး
ဂုဏ်ထူးလွန်မှတ် ရောက်နေပြီ
ဘယ်သူမှတန်ဖိုးမထားကြဘူး.......................
No comments:
Post a Comment