ကျွန်တော်ဖတ်ဖူးခဲ့သော ဦးဘုန်း(ဓါတု)ရဲ့ လက်ရေး နဲ့ သတ်ပုံ
ကျွန်တော်ရဲ့ စာသင်တန်းထဲ့က အဖြစ်အပျက်ကလေး တစ်ခုပါ။
ကျွန်တော်ရဲ့ စာသင်တန်းထဲမှာ အလွှာပေါင်းစုံက ကျောင်းသားပေါင်းစုံရှိပါတယ်။ စာတော်တဲ့သူလည်းရှိပါ
တယ်။ စာညံ့တဲ့သူလည်းရှိပါတယ်။ ချမ်းသာသူလည်းရှိသလို့ ဆင်းရဲတဲ့သူလည်းရှိပါတယ်။ အရာရှိသားသမီး
ရှိသလို့၊ လက်လုပ် လက်စားအသက်မွေးကြသူများရဲ့ သားသမီးလည်းရှိပါတယ်။ ကြိုးစားတဲ့သူရှိသလို့၊
ပျင်းတဲ့သူလည်း ရှိပါတယ်။ ဒိနေခောတ်ဟာ ပညာရေးကို အပြိုင်အဆိုင် အလုအယက် အငမ်းမရ ရှာဖွေကြ
တဲ့ ခေတ်ဆိုတော့ အများအားဖြင့် စာကြိုးစားကြပါတယ်။ တစ်ချိုကျောင်းသား ကျောင်းသူများဆိုရင် သူမိဘ
များက ၀ီရိယထား ပံပိုးကြပါတယ်။ ညဆိုရင်လဲ သား သမီးများနဲအတူ စာတောင်ကူကျက်ပေးတဲ့ မိဘများ
တောင်ရှိပါတယ်။
ကျွန်တော်ရဲ့စာသင်တန်းထဲမှာ ထူးခြားတဲ့ မောင်နှမ နှစ်ယောက်ရှိပါတယ်။ သူတို့ဟာ အမေညီမ
မွေး မောင်နှစ်မ ၀မ်းကွဲ ဖြစ်ပါတယ်။ အမေညီအစ်မ ဖြစ်တာကြောင့် သူတို့နှစ်ယောက်ဟာ စာကျက်ရင်လဲ
အတူတူ ကျောင်းတက်ရင်လဲအတူတူ ဆုယူရင်လဲအတူတူ စာပြိုင်ဖော်စာပြိုင်ဖက်တွေ ဖြစ်တယ်။
ထူးခြားတာက အကိုဖြစ်တဲ့သူဟာ ယောက်ျားလေးပီပီ ၀ီရီယနည်းတယ်။ တိကျတယ် ကြိုးစားမှုအ
သင့်အတင့် ရှိတယ်။ ညီမဖြစ်သူကတော့ မိန်းကလေးပီပီ ငြိမ်တယ် စာကြိုးစားတယ်။ လက်ရေးလှတယ်။
သူတို့နှစ်ယောက်ရဲ့ အမေဟာ ညီအစ်မဖြစ်ပေမဲ့ သားရေး သမီးရေးနဲ့ ပတ်သက်လာရင် အပြိုင်အဆိုင်စိတ်
လည်းရှိတယ် ။ တစ်ယောက်ကသာသွားရင် ကျန်တစ်ယောက်က ဘာကြောင့် အားနည်းသလဲဆိုတာ သိချင်
ကြတယ်။ မိဘတာဝန်ကျေတဲ့ အမေနှစ်ယောက်ပါ။
ဖြစ်ချင်တော့ပထမအစမ်းစာမေးပွဲဖြေတဲ့အခါ အကိုဖြစ်သူက
ညီမဖြစ်သူထက် အမှတ် (၃၀)လောက် ပိုရတယ်။ အဒိမှာပြဿနာစတော့တာပါဘဲ။
ညတိုင်းစာအတူကျက် အတူတူလေကျင် တွက်
ချက်တာချင်းအတူတူ ဘာဖြစ်လို့ အမှတ်မတူရတာလဲဆိုပြီး ကျောင်းသူရဲ့အမေက မကျေမနပ်ဖြစ်တယ်။
ဒါနဲ့ ဖြေဆိုထားတဲ့ အဖြေလွှာတွေကို ကြည်ချင်ပါတယ်ဆိုပြီး ပြခိုင်းပါတယ်။ အဖြေလွှာအားလုံးကိုကြည့်ပြီး
တော့ ဒီလိုပြောပါတယ်။
ကျွန်မသမီးက လက်ရေးလည်းလှတယ်၊ သန့်ရှင်းသပ်ရပ်မှုလည်းရှိတယ်၊ ကျောင်းစည်းကမ်း
လည်းလိုက်နာတယ်၊ ကျောင်းတက်လည်းမှန်တယ်၊အိမ်စာလည်းလုပ်တယ်၊ ဟိုကလေးကျတော့သူလောက်
လည်း လက်ရေးကမလှ သန့်ရှင်းမှုလည်းမရှိ ပျင်းလည်းပျင်းတယ်၊ ဘာကြောင့် ကျွန်မသမီးထက် အမှတ်
များရတာလဲ၊ ဘာကြောင့်သမီးကအမှတ်နည်းရတာလဲ။
ကျွန်တော် အဲဒိကျောင်းသူရဲ့အမေကိုသေချာရှင်းပြရတော့တယ်။
ဒီလိုရှိပါတယ်။ ခင်ဗျာရဲ့သမီးလေးက လက်ရေးလဲလှတာဟုတ်ပါတယ်၊ သန်ရှင်းမှုရှိတာလဲမှန်
ပါတယ် ၊ စည်းကမ်းလည်းရှိပါတယ်၊ ဒါပေမယ့် စာလုံးပေါင်းသတ်ပုံကျတော့ အမှားများတယ်။ ဥပမာ-
alter လိုရေးရမယ့်နေရာမှာ a နဲ့l ကိုပြောင်းပြန်ရေးပြီး laterရေးလိုက်တယ်၊ alter ဆိုတာပြောင်းလဲတာ၊ later
ဆိုတာနောက်ကျတာ။ အဓိပ္ပါယ်ပြောင်းသွားပါတယ်၊ နောက်ပြီး a way လို့ရေးရမယ့် နေရာမှာ awayလို့ရေး
လိုက်တယ်၊ a way ဆိုတာ နည်းလမ်းတစ်ခု၊ awayဆိုတာကျတော့ အဝေးသို့ လို့အဓိပ္ပါယ်ပြောင်းသွားတယ်
ဒါကြောင့်အမှတ်မရတာပါ၊
ဒီတော့ သတ်ပုံမှားသွားရင် အဓိပ္ပါယ်ပြောင်းသွားလို့ အမှားဖြစ်သွားတယ်၊
အမှတ်မရတော့ပါဘူး၊ လက်ရေးလှပေမဲ့ သတ်ပုံမှာရင် အမှတ်ကတော့ပေးလို့မရပါဘူး၊
ဟိုကလေးကျတော့
လက်ရေးတော့မလှဘူး ဒါပေမယ့် ဖတ်လို့တော့ရတယ်၊ သတ်ပုံမှန်တယ် တိကျတယ် မှန်ကန်တယ် အဓိပ္ပါယ်မပြောင်းတဲ့အတွက် အမှတ်ရပါတယ်။
ဒိလိုနဲ့ အဲဒိကျောင်းသူရဲ့အမေဟာ တော်တော်ကြီး ထိခိုက်ကြေကွဲပြီးပြန်သွားရှာတယ်၊ ဒါပေ
မယ့် စာမေးပွဲအောင်စာရင်းတွေထွက်တဲ့ အခါ အဲဒိကလေးနှစ်ယောက်လုံး ဂုဏ်ထူး(၄)ဘာသာနဲ့အောင်
ကြပါတယ်၊ အမှတ်တွေလည်းကောင်းကြပါတယ်။
ဒိနေရာမှာ ကျွန်တော်တွေးမိတာလေးတင်ပြပြောဆိုပါရစေ။
ကျွန်တော်တိုပတ်ဝန်းကျင်မှာ အမြဲပြောလေပြောထရှိတဲ့ စကားတစ်ခွန်းရှိပါတယ်၊ ကိုယ်သမိုင်း
ကိုရေးဆိုတဲ့
စကားပါဘဲ။ ကျွန်တော်တို့နေစဉ် လုပ်သမျှတွေဟာ ကျွန်တော်တို့ရဲ့
သမိုင်းတွေပါပဲ ၊ အကောင်းတွေရော အဆိုတွေပါ ၊အမှားတွေရော အမှန်တွေပါ
စုံနေတာပါဘဲ၊ ကိုယ်သမိုင်းကိုယ်ရေးတဲ့
အခါ ကိုယ်သမိုင်းကောင်းဖို့ ကြိုးစားကြသူချည်းပါပဲ။
ကြိုးစားတဲ့အခါမှာ စဉ်းစားစရာ အချက်တစ်ခုရှိပါတယ်၊ လက်ရေးလှအောင် ကြိုးစားတဲ့ သမိုင်း
ရှိသလို့ သတ်ပုံမှန်အောင်ကြိုးစားတဲ့ သမိုင်းလည်း ရှိနိုင်ပါတယ်၊ မေ့မေ့လျော့လျော့နေပြီ လက်ရေးမလှ
သတ်ပုံမမှန်တဲ့ သမိုင်းလည်းရှိတာပါပဲ။ ကိုယ်သမိုင်းမှာ လက်ရေးတော့လှပါရဲ့ သတ်ပုံမှားနေရင်ဘယ်နဲ့
လုပ်မလဲ၊ လက်ရေးကလည်းမလှ သတ်ပုံကလည်းမမှန်ဆိုရင်တော့........သွားပြီ။ သတ်ပုံကတော့မှန်ပါရဲ့
လက်ရေးကျတော့ ခပ်သော့သော့လေး ရေးထားပြန်တော့လဲ ဖတ်လို့မရပြန်ဘူး။
ဒါကြောင့် ကိုယ်သမိုင်း ကိုယ်ရေးတဲ့အခါမှာ လက်ရေးကို ဂရုစိုက်ရင်း သတ်ပုံမှားသွားနိုင်သလို့
သတ်ပုံကို ဂရုစိုက်ရင်း လက်ရေးမလှလည်းဖြစ်သွားနိုင်ပါတယ်။ သူငယ်ချင်းတို့လည်း လက်ရေးနဲ့သတ်ပုံ
ဘယ်ဟာကအရေးကြီးသလဲဆိုတာ စဉ်းစားသင့်ပါတယ်။
ကျွန်တော့လည်း ကိုယ်သမိုင်းကိုယ်ရေးနေတဲ့သူတစ်ယောက်ပါ။ ကျွန်တော့သမိုင်းကို မေးရင်
တော့ ရိုးသားစွာဝန်ခံပါရစေ။
ကျွန်တော်ဟာ လက်ရေးလှ တဲ့သမိုင်းတော့မဟုတ်တာသေချာပါတယ်။ သတ်ပုံကတော့ မှန်
အောင် မမှားအောင် ကြိုးစားနေရပါတယ်၊ ဒါကြောင့် သတ်ပုံမှားတဲ့ သမိုင်းမဖြစ်အောင်၊ ကိုယ်သမိုင်းကို
လက်ရေးမလှပေမယ့် ဖတ်လိုရတဲ့ သန့်ရှင်းတဲ့လက်ရေးဖြစ်အောင်ကြိုးစားနေပါတယ်။
ဒီလိုကြိုးစားနေရင်းက ဂရုစိုက်နေရင်က သတ်ပုံမှားပြီးရေးခဲ့တဲ့သမိုင်း စာမျက်နှာတွေလဲ ရှိခဲ့
ပါတယ်။ သတ်ပုံမှားလို မှားမှန်းမသိတဲ့စာမျက်နှာတွေလည်း ရှိခဲ့နိုင်ပါတယ်၊ သတ်ပုံမှားမှန်သိပေမယ့်
မထူးပါဘူးဆိုပြီး အမှန်မပြင်မိတဲ့ စာမျက်နှာလည်းရှိနေပါသေးတယ်။
စာဖတ်သူတို့လည်း တွေးဆကြည့်ကြစေချင်ပါတယ်။
ကိုယ်သမိုင်း ကိုယ်ရေးတဲ့အခါမှာ လက်ရေးနဲ့သတ်ပုံဘယ်ဟာက ပိုအရေးကြီးသလဲ၊ လက်ရေးလည်းလှ
သတ်ပုံလည်းမှန် ဆိုရင်ကောမကောင်းဘူးလား၊ လက်ရေလည်းလှ သတ်ပုံလည်းမှန်ဆိုရင်တော့
လောကကြီးတစ်ခုလုံးဟာ ( ဒါမှမဟုတ်) ကြံခင်းမြို့တစ်မြို့လုံးဟာ အမြဲပျော်စရာတွေနဲ့ပြည့်စုံနေမှာမလွဲပါ
ဘူး.................
လက်ရေးလှ ပြီး သတ်ပုံမှာနေရင်တော့ ဒါမှမဟုတ် လက်ရေးလည်းမလှ သတ်ပုံလည်းမမှန်ရင်တော့
နောင်တတွေ စိုးရိမ်မှုတွေ ၀မ်းနည်းမှုတွေ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရဦးမှာမလွဲပါဘူး။
လူတိုင်းလူတိုင်း
လက်ရေးလည်းလှ သတ်ပုံလည်းမှန် ကြပါစေလို့
ဆုမွန်ကောင်းတောင်းရင်း................
No comments:
Post a Comment