နောက်ဆုံးဖယောင်းတိုင်
နားလည်မှု၊ စာနာမှု၊ ဆိုတဲ့ဖယောင်းတိုင်လေး ရှိနေသေးရင်
အချစ်ဆိုတာ ပြန်ဖြစ်နိုင်တယ်
သံယောဇဉ်ဆိုတာ ပြန်ဖြစ်နိုင်တယ်။
မေတ္တာတရား၊ ကရုဏာတရား တွေပြန်ဖြစ်နိုင်တယ်။
နားလည်မှု၊ စာနာမှု ဆိုတဲ့
ဖယောင်းတိုင်လေးသာ မီးငြိမ်းသွားမယ်ဆိုရင်...................?
ဘယ်လိုလူလဲ
လူတစ်ယောက်ရဲ့ ဖြစ်တည်မှု ဘ၀တန်ဖိုးဆိုတာငွေကြေးပိုင်ဆိုင်မှုလား အောင်မြင်ကျော်ကြားမှုလား အသုံးကျမှုလား
ဘယ်လိုအသက်ရှင်သန် ရပ်တည်သွားသလဲဆိုတာ လူတန်ဖိုးလား။
လေထဲက အောက်စီဂျင်ကို ရှူရှိုက်တာခြင်းအတူတူ ဘယ်လိုလူလဲ
ဒိမြေကြီးပေါ်မှာ ရပ်တည်နေရတဲ့ အဖိုးအခအဖြစ်
လူသားအကျိုး ဘယ်လိုသယ်ပိုးမှာလဲ။
ကောင်းကင်ပြာပြာအောက်က လူသားခင်းအတူတူ
ကိုယ်ရဲ့ရင်ခုံသံကို
ဘယ်လိုယုံကြည်မှုတွေနဲ့ မောင်းနှင်မှာလဲ စဉ်းစားစရာပါ
No comments:
Post a Comment